ကျောခင်းဖို့ တောင် နေရာမရှိတော့တဲ့ ကျိုက်ထီးရိုး ဘုရားရင်ပြင်

ကျောခင်းဖို့ တောင် နေရာမရှိတော့တဲ့ ကျိုက်ထီးရိုး ဘုရားရင်ပြင် ---------- အကုန်သိ သတင်းဌာန ----------- အားလပ်ရက် အပန်းဖြေခရီးအဖြစ် ကျိုက်ထီးရိုးဘုရားကို ခရီးသွားတွေ ၀င်ရောက်မှု တဟုန်ထိုးမြင့်တက်လာခဲ့တာကြောင့် ကျိုက်ထီးရိုးဘုရားရင်ပြင်မှာ ခြေချစရာတောင် နေရာမရှိလောက်အောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညဘက်မှာလည်း အိပ်စရာ ကျောတစ်ခင်းချဖို့ တောင် နေရာမရှိတော့တဲ့အထိ ဖြစ်နေသလို တောင်တက်ကားတွေဟာလည်း တောင်တက်လမ်းလယ်မှာ ရပ်တန့် ပိတ်ဆို့ နေတဲ့အထိ ခရီးသွားတွေ များပြားနေတယ်လို့ သိရပါတယ်။ ရိုက်ကူး - လင်းရံ ၊ တည်းဖြတ် - သီဟ ၊ နောက်ခံ - အိဖြူသိမ့်