မလေးရှား- မြန်မာပွဲအပြီးမှာ မြန်မာပရိသတ်အချို့ ဝိုင်းရိုက်ခံရသလို ၊ ဂုဏ်ပြုလည်းခံရ

မလေးရှား- မြန်မာပွဲအပြီးမှာ မြန်မာပရိသတ်အချို့ ဝိုင်းရိုက်ခံရသလို ၊ ဂုဏ်ပြုလည်းခံရ -------- အကုန်သိ သတင်းဌာန --------- မလေးရှားအသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ မြန်မာအသင်းကို လာအားပေးတဲ့ ပရိသတ်အချို့ ပြန်ဖို့ ပြင်နေစဉ် အမျိုးသမီးတွေလည်း ပါတဲ့ မလေးရှားနိုင်ငံသားအချို့ ရဲ့ ဝိုင်းဝန်း ရိုက်နှက်မှုကို ခံလိုက်ရပါတယ်။ အခြားတစ်ဖက်မှာတော့ မြန်မာအသင်းရဲ့ ပရိသတ်တွေကို အာဆီယံပရိသတ်အချို့ က ချီးကျုးဂုဏ်ပြုနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှုံးခဲ့ပေမယ့် ပရိသတ်တွေက အမှိုက်တွေကောက်ပြီး သန့် ရှင်းရေးလုပ်ပေးခဲ့တာကြောင့်ပါ။ တင်ဆက် - သိမ့်အေးချမ်း ၊ တည်းဖြတ် - ဆလိုင်းကျော်မိုး