ပြည်မြို့ ညဈေးတန်းထဲက ဆိုင်ခန်း ၁၅ ခန်း ဖယ်ရှားမယ့်ကိစ္စ ပြည်သူတွေကန့်ကွက်

ပြည်မြို့ ညဈေးတန်းထဲက ဆိုင်ခန်း ၁၅ ခန်း ဖယ်ရှားမယ့်ကိစ္စ ပြည်သူတွေကန့်ကွက် ------ အကုန်သိသတင်းဌာန ----- နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီး ၊ပဲခူးတိုင်းဝန်ကြီးချုပ် ၊NLD မှ တာဝန်ရှိသူများ ၊ပြည်မြို့မှ လွှတ်တော်ကိုယ်စားလှယ်များအား တိုင်တည်တောင်းဆိုထားတဲ့ ဗွီနိုင်းတွေကို သုံးဘီးဆိုင်ကယ်မှာ ချိတ်ဆွဲပြီးတော့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြတာပါ။ အမှန်တော့ ဒီဆိုင်ခန်း ၁၅ ခန်းကို ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပိုင်တယ်ဆိုပြီး ဒီဇင်ဘာ ၁၅ ရက်ကတည်းက ဖယ်ရှားပေးဖို့ သတိပေးစာပို့လိုက်တာလို့လည်း သိရပါတယ်။ ရိုက်ကူးမေးမြန်း - မောင်ကောင်း(ပြည်)၊ တည်းဖြတ် - သားကို