ဆိုင်ခန်းဖယ်ရှားခံရတော့မယ့် ပြည်သူတွေရဲ့ နောက်ဆုံးအခြေအနေ

ဆိုင်ခန်းဖယ်ရှားခံရတော့မယ့် ပြည်သူတွေရဲ့ နောက်ဆုံးအခြေအနေ ------- အကုန်သိသတင်းဌာန ------- ပြည်မြို့ ညဈေးတန်းထဲက ဆိုင်ခန်း ၁၅ ခန်းကို ၁၅ ရက်အတွင်း ဖယ်ရှားပေးဖို့ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ကတည်းက သတိပေးစာပို့ခဲ့ပြီး သတ်မှတ်ရက်ထက် ကျော်ရင် အနိုင်အထက်ပြု နှင်ထုတ်မယ်လို့ ဆိုပါတယ်။ အခု ၁၅ ရက် ပြည့်လာတဲ့အထိ ပြည်သူတွေက ဖယ်ရှားမပေးသေးဘဲ ဆန္ဒထုတ်ဖော်ကာ လူထုထံ အကူအညီတောင်းခံနေကြပါတယ်။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ နားဆင်ကြည့်နိုင်ပါပြီ။ သတင်း - မောင်ကောင်း(ပြည်)၊ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သားကို