ပြည်မြို့က ညဈေးတန်းထဲမှာရှိတဲ့ ဆိုင်ခန်း ၁၅ ခန်းကိုလည်း ဖယ်ရှားတော့မည်

ပြည်မြို့က ညဈေးတန်းထဲမှာရှိတဲ့ ဆိုင်ခန်း ၁၅ ခန်းကိုလည်း ဖယ်ရှားတော့မည် ------ အကုန်သိသတင်းဌာန ----- ဒီဆိုင်ခန်း ၁၅ ခန်းကို ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပိုင်တယ်ဆိုပြီးတော့ ဒီဇင်ဘာ ၁၅ ရက်ကတည်းက ဖယ်ရှားပေးဖို့ သတိပေးစာပို့လိုက်တာပါ။ ဒါပေမဲ့ နေထိုင်သူတွေကတော့ ကာလပေါက်ဈေးအတိုင်း ပေးဝယ်ထားရတာဖြစ်လို့ ဘယ်လိုနည်းနဲ့မှ ဖယ်မပေးနိုင်ဘူးဆိုပြီးတော့ ပြဿနာတွေ ရှိနေပါတယ်။ ရိုက်ကူးမေးမြန်း - မောင်ကောင်း(ပြည်)၊ တည်းဖြတ် - သားကို