Nil Battey Sannata (2015)

မှ တဆင့်ကူးယူ ပြန်လည်မျှဝေပါသည် ။ ကို အထူးကျေးဇူးတင်ပါတယ် ။ IMDb….8.5,,,,,,Rotten….87% အောက်ခြေလူတန်းစားအမျိုးအစားကိုယေဘုယျအနေနဲ့ ဆိုက္ကားသမား အငှားယာဉ်မောင်း တောင်သူလယ်သမား အိမ်ဖော် လက်လုပ်လက်စားနေ့စားသမားများလို့ သတ်မှတ်ရမလား ကျွန်တော်လည်း မကွဲပြားဘူး ဒါပေမဲ့ အိမ်ဖော်တစ်ယောက်ရဲ့သားသမီး လယ်သမားတစ်ယောက်ရဲ့သားသမီးတွေဟာ ဆရာဝန် အင်ဂျင်နီယာ အောင်မြင်တဲ့စီပွားရေးလုပ်ငန်းရှင် စတဲ့ အနေအထားမျိုးတွေကိုကူးပြောင်းဖို့ဆိုတာတော့ ရုပ်ရှင်မဆန်လှဘူး….ဘာလို့ဆို သူတို့နေတဲ့အသိုင်းအ၀န်း မိဘရဲ့ထောက်ပံ့ပေးနိုင်မှု ခံယူချက်စတာတွေဟာ အပေါ်ကကျွန်တော်ပြောခဲ့တဲ့အနေအထားတွေကို အကောင်အထည်ဖော်ဖို့ သီးခြားဆန်နေတယ်….ကြာပန်းဆိုတာ ရွှံနွံတွေပေါ်မှာပေါက်တယ်တို့ ပတ္တမြားမှန်လျှင် နွံမနစ်ဘူးဆိုတဲ့ အဆိုတွေရှိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ ဒီလိုမျိုးဖြစ်ပျက်တာတွေက ၁ ကနေ ၁၀ အထိရေတွက်တတ်တဲ့ကလေးကိုရေခိုင်းရင်တောင် ရနိုင်ပါတယ် ဒီအိန္ဒိယကားလေးထဲမှာ အိမ်အကူအမေတစ်ယောက်နဲ့ ၁၀တန်းကျောင်းတက်နေတဲ့ သူ့သမီးလေးအကြောင်း ရိုက်ပြထားတာပါ……အမေက အိမ်အကူဖြစ်ပေမဲ့ သူ့သမီးလေးကို ၁၀တန်းအောင်မြင်ပြီး ပည