မုန့် လင်မယားဗန်းလို ဖြစ်နေတဲ့ ရန်ကုန်လမ်းတွေကို သွားကြည့်ရအောင်(၂)

မုန့် လင်မယားဗန်းလို ဖြစ်နေတဲ့ ရန်ကုန်လမ်းတွေကို သွားကြည့်ရအောင်(၂) --------- မုန့်လင်မယားဗန်း ရန်ကုန်လမ်း -------- ရန်ကုန်မြို့ ပေါ်က လမ်းတွေ တော်တော်များများဟာ နှစ်စဉ်နှစ်တိုင်းလိုလို မိုးတွင်းရာသီရောက်တာနဲ့ ပေါက်ပြဲမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ ဒီနှစ်မှာလည်း ပေါက်ပြဲမှုတွေက ဆက်ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရန်ကုန်လမ်းတွေကို ညံ့ဖျင်းနေတာကို ထောက်ပြပြောသွားခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။ ဒီတော့ ရန်ကုန်မြို့ ထဲက ဘယ်လမ်းတွေဟာ တော်တော်လေး ပေါက်ပြဲဆိုးဝါးနေလည်းဆိုတာ အကုန်သိရဲ့ အပတ်စဉ် အစီအစဉ်သစ်နဲ့ အတူ လိုက်ပါကြည့်ရှုကြရအောင်နော်။ ရိုက်ကူးတင်ဆက် - သူရိန် ၊ အိဖြူသိမ့် #မုန့်လင်မယားဗန်းရန်ကုန်လမ်း