အာဏာထက် မေတ္တာက ခွန်အားပိုကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အာဏာထက် မေတ္တာက ခွန်အားပိုကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော --------- အကုန်သိ သတင်းဌာန --------- ခရစ္စမတ်ကာလ ကျေးဇူးတော်နေ့ အခမ်းအနားကို ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူရဲ့ အိမ်တော်မှာ ဒီဇင်ဘာ ၂၁ ရက်ညပိုင်းက ကျင်းပခဲ့ပြီး ဒီပွဲကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ မိန့် ခွန်းပြောကြားစဉ်မှာတော့ လောကမှာ ခွန်အားအကြီးဆုံးအရာက အာဏာမဟုတ်ဘဲ မေတ္တာသာလျှင်ဖြစ်တယ်လို့ လိုတိုရှင်း အကျဉ်းချုပ် ဥပမာပေးပြီး ပြောကြားသွားပါတယ်။ ရိုက်ကူးတည်းဖြတ် - ဆလိုင်းကျော်မိုး