“ပြည်သူသိစေချင်လို့ပါ (၇)” ဒေါ်အောင်ဆန်းစုကြည်နှင့် သိန်းငါးထောင်ကျပ်တန် လေလံအောင်ခြံတံခါးကြီး

“ပြည်သူသိစေချင်လို့ပါ (၇)” ဒေါ်အောင်ဆန်းစုကြည်နှင့် သိန်းငါးထောင်ကျပ်တန် လေလံအောင်ခြံတံခါးကြီး ( ဒေါ်စုထံ ဘယ်ကငွေတွေ ဘယ်လိုစီးဆင်းနေသလဲ၊ ဘယ်အတွက်လဲ၊ ဘာတွေလုပ်ပေးသလဲ၊ ဘယ်ရောက်သွားသလဲဆိုတာ ပြည်သူအားလုံး သိစေချင်လို့ပါ။) ဆရာတော်ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ကို မေးထားတဲ့ မေးခွန်းဖိုင်(၂၀)ထဲမှ အမှတ်(၇)မေးခွန်းဖိုင်ဖြစ်ပါသည်။ အမှတ်(၈)ဖိုင် ဆက်လက်တင်ပေးသွားပါမည်။ -------------------------- ရွေးကောက်ပွဲအကြိုကာလမှာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ပါဝါ ၅၄ နေအိမ်ပေါ့ဗျာ။ ခြံတံခါးကြီးကို လေလံတင် ရောင်းချလိုက်တယ်။ ဗမာငွေ သိန်းငါးထောင်နဲ့ လေလံအောင်သွားတယ်ပေါ့။ အဲဒီသံတံခါးကြီးကို OICက ဝယ်တာလိုလို ဘာလိုလိုနဲ့ ခုချိန်ထိ ပြန်နေတုန်းပဲ။ ဘယ်သူဝယ်ပါတယ်၊ ဒါလည်း ဘယ်သူမှမထုတ်ပြန်ပါဘူး။ ဘာလို့ဝယ်တာလဲဆိုတာလည်း ဘယ်သူမှမသိရပါဘူး။ နောက် လေလံပစ္စည်းဆိုတာက ပြတိုက်ထဲမှာထားရတဲ့အရာမျိုး ပြခန်းထဲမှာထားပြီးတော့ တရိုတသေသိမ်းပြီးတော့ ဂုဏ်ယူနေကြရမယ့် အဖိုးတန်ပစ္စည်းတွေပါ။ အခုတော့ ဒီတံခါးကြီးက မိုးထဲရေထဲမှာ ဒီတိုင်းကြီးပဲ။ ဝယ်တယ်ဆိုတဲ့သူကလည်း ယူမသွားဘူး။ အဲတော့ ဒီတံခါးကြီးကို သိန်းငါးထောင်နဲ့ဝယ်တယ်ဆိုတာဟုတ်ပြီ။ ဘယ်သူဝယ်တာလဲ၊ ဘာလုပ်ဖို့ဝယ်တာလဲ၊ ဘ