ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အတွင် ပြည်တွင်းနဲ့ နိုင်ငံတကာက ထူးခြားတဲ့သတင်းများ

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အတွင် ပြည်တွင်းနဲ့ နိုင်ငံတကာက ထူးခြားတဲ့သတင်းများ ——————————————————— အခြားအရပ်ဒေသတွေကနေ ဘုရားသုံးဆူမြို့ကိုလာရင် မြို့ဝင်ခွင့်လက်မှတ်ရရှိမှ မြို့အတွင်းကို ဝင်ရောက်ခွင့် ပြုမယ်လို့ လက်နက်ကိုင် ၅ ဖွဲ့ရဲ့ဆုံးဖြတ်လိုက်တဲ့သတင်း - မြစ်ကြီးနားမြို့မှာ လူပျောက်ဆုံးမှုတွေ မကြခဏ ဖြစ်ပေါ်နေတဲ့သတင်း - မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာက တစ်ပိုင်တစ်နိုင် ဆောင်ရွက်နေတဲ့ ထန်းမြူအိုးတွေ ယခင်နှစ်ကထက် အရောင်းတွင်ကျယ်လာတယ်ဆိုတဲ့သတင်း - အိန္ဒိယနိုင်ငံမှာ နိုင်ငံပေါင်းစုံရေတပ် စစ်ရေးလေ့ကျင့်ဖို့ မြန်မာစစ်သင်္ဘောနှစ်စင်း အိန္ဒိယရောက်ရှိနေတဲ့သတင်း - ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ် သာဗီဆင် ကပြောကြားလိုက်တဲ့သတင်း - အေးချမ်းတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာစေဖို့ ချင်းတိုင်းရင်းသားတွေကလည်း ပြည်ထောင်စုဖွား တိုင်းရင်းသားတွေနဲ့ အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမယ်လို့ ပြည်ခိုင်ဖြိုးပါတီက ချင်းအမျိုးသားနေ့ကို သဝဏ်လွှာပေးပို့တဲ့ သတင်း #pan_broadcasting