တရက်အတွင်း ကြည့်ရှုသူ ၄ သိန်းကျော်ရှိနေသည့် နီနီခင်ဇော်သီ၏ ခင့်မှာတမ်းသီချင်း (ရုပ်သံ)

“မောင့်ကိုလည်းမှာတမ်းခြွေသည်… ဆောင်းရာသီအမီ… မျှော်ကာမှန်းဆလို့ရည် … ခင်တယောက်တည်းလွမ်းလှပြီ… ပျိုပျိုမေ လှမ်းလို့ကြိုသည်… အလှအပတွေစီ… နံ့သာမှုန်း… ခင်အပြုံးပန်းဝေစီ” ဒါကတော့ အွန်လိုင်းပေါ်မှာ လတ်တလောနာမည်ကြီးနေတဲ့ နီနီခင်ဇော် သီဆိုသ ရုပ်ဆောင်ထားခဲ့တဲ့ ခင်မှာတမ်းအမည်ရတဲ့ သီချင်းစာသားတွေ ဖြစ်ပါတယ်။ ဒီသီချင်းထဲမှာတော့ ကိုလိုနီခေတ်ကလို အပြင်အဆင် ၀တ်စားဆင်ယင်မှုတွေနဲ့ အဖြူအမည်း ရုပ်ရှင်ဇာတ်ဝင်မြင်ကွင်းပုံစံ ရိုက်ကူးပုံဖော်ထားခဲ့တာကို တွေ့ရပါတယ်။ “မောင်လာရာလမ်း… တမ်းတကာရည်… ခင်ပျိုမေ… မောလှပါပြီ… ချောနှမဒေဝီ … နေညိုချိန်လဲ့လဲ့ရီ… ဘယ်ဆီဝယ်မှန်းဆကာ…. ပြတင်းပေါက်ထံမှီ… မောင်တကယ် ကိုရောက်လုရင်… ဆီးလို့ကြိုမည်… မူယာနွဲ့နှောင်း… တေးသံညီ” ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နီနီခင်ဇော်က ချစ်သူ ကိုငြိမ်းမောင်အလာကို စောင့်ကြိုရင်း သီချင်းသီဆိုဟန်နဲ့ မူဟန်နွဲ့နွဲ့ သရုပ်ဆောင်ထားခဲ့ပြီး ကိုငြိမ်းမောင်ပြန်ရောက်ချိန်မှာ ပျော်ရွှင်စွာ အဆုံးသတ်ခဲ့တာကို တွေ့ရပါတယ်။ ခေတ်ပေါ်သီချင်းရော မြန်မာသံသီချင်းတွေပါ ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်ရုံမကပဲ သူ့ရဲ့ ဒီသီချင်းထဲက သရုပ်ဆောင်မှုအပေါ်ကိုတော့ ပရိသတ်တွေ၊ အနုပညာရှင်တွေက မှတ်ချက်ပေး ချီးကျူးနေခ