“ပည်သူသိစေချင်လို့ပါ (၅)” ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးစောင့်ဥပဒေ

“ပည်သူသိစေချင်လို့ပါ (၅)” ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးစောင့်ဥပဒေ (အမျိုးစောင့်ဥပဒေကို ပါတီလုံးကျွတ် ကန့်ကွက်ခဲ့ကြတဲ့ NLDပါတီရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေသလဲ သိစေချင်လို့ပါ။) ဆရာတော်ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ကို မေးထားတဲ့ မေးခွန်းဖိုင်(၂၀)ထဲမှ အမှတ်(၅)မေးခွန်းဖိုင်ဖြစ်ပါသည်။ အမှတ်(၆)ဖိုင် ဆက်လက်တင်ပေးသွားပါမည်။ -------------------------- ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကြီးမှာ လစ်လပ်တဲ့နေရာတွေအကုန်လုံး ရာခိုင်နှုန်းပြည့် အနိုင်ရရှိသွားခဲ့ပါတယ်။ လွှတ်တော်ထဲ ၄၂ ဦးလုံးတောင် ရောက်သွားပါတယ်။ အမျိုးစောင့်ဥပဒေအရေး မဲခွဲဆုံးဖြတ်တဲ့အခါ NLD ပါတီက ၄၂ ဦးရှိရာမှာ ၄၁ ဦးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခွင့်ယူသွားတယ်။ ဒီအရေးကြီးတဲ့ဆုံးဖြတ်ချက် ချမှတ်တဲ့အချိန်မှာမှ ဒေါ်အောင်ဆန်းစုကြည် ခွင့်တင်သွားတာဟာ တိုက်ဆိုင်မှုလား ဒါမှမဟုတ် တမင်တကာ ရှောင်တိမ်းသွားတာလား။ ကျန်တဲ့ ၄၁ ဦးသောအမတ်တွေက ပါတီလုံးကျွတ် တညီတညွတ်တည်း ထကန့်ကွက်တာကကော သူတို့ရဲ့ တစ်ဦးချင်းဆန္ဒလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒအရလား။ NLD ပါတီဟာ ဒီလောက် တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ဥပဒေကြီးကို ပါတီလုံးကျွတ် ဘာကြောင့် ထကန့်ကွက်ရတာလဲ။ ပါတီလုံးက