နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ လိုအပ်တယ်လို့ မသက်ထားသူဇာ ပြော

နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ လိုအပ်တယ်လို့ မသက်ထားသူဇာ ပြော -------- အကုန်သိသတင်းဌာန ------- အီဂျစ်၊ ယူဂန်ဒါနဲ့ ကင်ညာနိုင်ငံ ကြက်တောင်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ မသက်ထားသူဇာက မြန်မာနိုင်ငံမှာ ကြက်တောင်ရိုက်ကစားသမား များများထွက်ပေါ်စေချင်ရင် ကွင်းတွေများများဆောက်ပေးဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။ နိုင်ငံတော်က ဆီးဂိမ်းလိုပြိုင်ပွဲတွေမှာသာ ထောက်ပံ့မှုပေးပြီး တချို့ပြိုင်ပွဲတွေမှာဆိုရင် ကိုယ့်စရိတ်ကိုယ်သွားနေရတယ်လို့ ဆိုပါတယ်။ ကစားသမားတွေအနေနဲ့လည်း ကိုယ်ဖြစ်ချင်တာကို စိတ်ဓါတ်ခိုင်ခိုင်မာမာထားပြီး ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။ မေးမြန်း - မာန်၊ ရိုက်ကူး / တည်းဖြတ် - ထက်ပိုင်စိုး Youtube မှာလည်း အကုန်သိရှိနေပြီနော် 👇👇👇