မိဘတွေ မသိအောင်လုပ်ရင်း အောင်မြင်တဲ့ တက်တူးပညာရှင် ဖြစ်လာသူ “နွယ်ပင်“

မိဘတွေ မသိအောင်လုပ်ရင်း အောင်မြင်တဲ့ တက်တူးပညာရှင် ဖြစ်လာသူ “နွယ်ပင်“ ----— Beauty Talk —---- တက်တူးထိုးတဲ့အလုပ်ကို မိဘတွေက သဘောမကျလို့ ခိုးလုပ်ခဲ့ရတယ်ဆိုတဲ့ “နွယ်ပင်“ ခေါ် သက်နွယ်ဇင်ဟာ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း စတင်စဉ်မှာ “မိန်းကလေးချင်း လူမိုက်အားပေးလုပ်တယ်“ ဆိုပြီး ဝေဖန်မှုတွေ အမျိုးမျိုး ခံခဲ့ရတယ် ဆိုပါတယ်။ ဒါပေမဲ့ ယုံကြည်ရာလမ်းကို လျှောက်လှမ်းခဲ့တာကြောင့် အခုဆိုရင် အောင်မြင်တဲ့ တက်တူးပညာရှင်ကြီး ဖြစ်လာပါပြီ။ တက်တူးပညာကို ဘယ်လိုဆည်းပူးခဲ့ရတယ်ဆိုတဲ့ နွယ်ပင်ရဲ့ ရင်ဖွင့်သံကို နားဆင်ကြည့်နိုင်ပါပြီ။ မေးမြန်း - သိမ့်အေးချမ်း ၊ ရိုက်ကူး/တည်းဖြတ် - ပြည့်စုံ