လေးဖြူရဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ “တိမ်တွေဖုံးတဲ့လ“သီချင်းရှင်

လေးဖြူရဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ “တိမ်တွေဖုံးတဲ့လ“သီချင်းရှင် ------ အကုန်သိ အနုပညာ ------ “သီချင်းခေါင်းစဉ်က ဆယ်ကျော်သက်။ အဲဒါကို တစ်ယောက်က တိမ်တွေဖုံးတဲ့လလို့ ပြောင်းလိုက်တယ်။ ကိုလေးဖြူမျက်နှာတွေ ယူသုံး ’လေးဖြူ - တိမ်တွေဖုံးတဲ့လ’ ဆိုပြီးတော့ ခိုးကူးလက်ထဲရောက်ရင်း ကိုလေးဖြူလို့ပဲ ထင်ခဲ့ကြတယ်။ ကျွန်တော်ဆိုတာကို မသိကြဘူး။ သီချင်းနဲ့ တေးသံရှင်တွဲသိရင် ပိုကောင်းတာပေါ့“ ဆိုပြီး မူရင်းတေးသံရှင် အောင်အောင်က လေးဖြူ ဆိုတယ်လို့ ပရိသတ်တွေသိထားကြတဲ့ တိမ်တွေဖုံးတဲ့လ သီချင်းအကြောင်းကို ပြောပါတယ်။ ရိုက်ကူးမေးမြန်း - နွယ်ဏီ၊ သိမ့်အေးချမ်း၊ တည်းဖြတ် - ထက်ပိုင်စိုး