လွတ်လပ်ရေးနေ့ရောက်တိုင်း ဖြစ်ပေါ်လာတဲ့ခံစားချက်က ဘာလဲ

လွတ်လပ်ရေးနေ့ရောက်တိုင်း ဖြစ်ပေါ်လာတဲ့ခံစားချက်က ဘာလဲ ------ Public Voice ------ လွတ်လပ်ရေးနေ့ဆိုတာ မိမိနိုင်ငံကို တိုင်းတစ်ပါးရဲ့ အနိုင်ကျင့်ခံရတဲ့ဘ၀မှ မြောက်တဲ့နေ့ပါ။ ဒီနေ့ မြန်မာတစ်မျိုးသားလုံးအတွက် ထူးမြတ်တဲ့ နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အောက်ပိုင်းကို နှစ်ပေါင်း ၁ဝဝ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်းကို နှစ်ပေါင်း ၆ဝကျော်မျှ နိုင်ငံခြားသားတို့ရဲ့ စိုးမိုးချယ်လှယ်မှုအောက်မှ လွတ်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီလိုလွတ်မြောက်အောင် ကြိုးပမ်းခဲ့ကြတဲ့ မြန်မာ့ခေါင်းဆောင်ကြီးများအား မမေ့မလျော့ကြစေရန် သတိပေးနှိုးဆော်တဲ့အနေနဲ့ နှစ်စဉ် အထိမ်းအမှတ်ပွဲတွေကျင်းပကြသလို ကလေးသူငယ်များကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ပြည်သူလူထုထံ အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။ ရိုက်ကူးမေးမြန်း - ထက်ဝေလင်း၊ တည်းဖြတ် - ကိုမိုး