ငွေဆောင်ကမ်းခြေမှ ဟိုတယ်မြေနေရာပြဿနာကြောင့် ဒေသခံတွေ လျှပ်စစ်မီးရရှိမှု နှောင့်နှေးသွားနိုင်

ငွေဆောင်ကမ်းခြေမှ ဟိုတယ်မြေနေရာပြဿနာကြောင့် ဒေသခံတွေ လျှပ်စစ်မီးရရှိမှု နှောင့်နှေးသွားနိုင် ----— အကုန်သိသတင်းဌာန —---- လာမယ့် ၂၀၁၉ ဇန်န၀ါရီလ ရောက်တာနဲ့ ငွေဆောင်ကမ်းခြေတစ်ခုလုံး မီးထိန်ထိန် လင်းနိုင်မှာဖြစ်ပေမဲ့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ သိမ်းဆည်းခံမူလပိုင်ရှင်တွေကြား မြေယာအရှုပ်အရှင်းကိစ္စ ပြေလည်မှုမရသေးတာကြောင့် လျှပ်စစ်မီးဖြန့်ဖြူးမယ့်ကိစ္စ မပြုလုပ်ဖို့ နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းဒေသကြီးအစိုးရထံ လိပ်မူပြီး ကန့်ကွက်စာတွေတင်ထားတယ်လို့ ဆိုပါတယ်။ သတင်း - ရဲသွေးနီ(ပုသိမ်)၊ တည်းဖြတ် - ရဲထက်