ရဲအုပ်ချစ်ကိုကို အဂတိလိုက်စားထားတယ်ဆိုတဲ့ သက်သေခံကို မှတ်တမ်းတင်မယ်

ရဲအုပ်ချစ်ကိုကို အဂတိလိုက်စားထားတယ်ဆိုတဲ့ သက်သေခံကို မှတ်တမ်းတင်မယ် ------ အကုန်သိ မှုခင်း ------ ရဲအုပ်ချစ်ကိုကို အဂတိလိုက်စားခဲ့တယ်လို့ယူဆရတဲ့ သက်သေခံမှတ်တမ်းပုံစံ-၃ ပါ စာရွက်စာတမ်း ၉ မျိုးကို မှတ်တမ်းတင်ဖို့ တိုင်းတရားရုံးက ကြားဖြတ် အမိန့်ချလိုက်ပါတယ်။ ရဲအုပ်ချစ်ကိုကိုဟာ အောင်ရဲထွေးသေဆုံးမှုအမိန့်ချမှတ်ခဲ့ခြင်းနဲ့ပတ်သက်လို့ အဂတိလိုက်စားတယ်ဆိုပြီး အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်မှာတော့ တရားလိုတင်ပြထားတဲ့ ပုံစံ-၃ ပါ သက်သေခံ စာရွက်စာတမ်း ၉ မျိုးကိုပဲ စစ်ဆေးမှတ်တမ်းတင်သွားမှာပါ။ သတင်း/တင်ဆက်/ရိုက်ကူး/မေးမြန်း - ဒါးလ်ဇ၊ တည်းဖြတ် - ထက်ပိုင်စိုး