အကြိုဗိုလ်လုပွဲတက်နိုင်အောင် မလေးရှားကို အကောင်းဆုံးယှဉ်ပြိုင်သွားမယ်လို့ မြန်မာနည်းပြပြော

အကြိုဗိုလ်လုပွဲတက်လှမ်းနိုင်အောင် မလေးရှားကို အကောင်းဆုံးယှဉ်ပြိုင်သွားမယ်လို့ မြန်မာနည်းပြပြော -------- အကုန်သိ အားကစား ------- ၂၀၁၆ ခုနှစ်တုန်းက ဆူဇူကီးဖလားပြိုင်ပွဲမှာ မလေးရှားကို ၁-၀ နဲ့ အနိုင်ရခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ နည်းပြအသစ်၊ ကစားသမားအသစ်တွေနဲ့ဆိုတော့ ကွာခြားမှုတွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အကောင်းဆုံးယှဉ်ပြိုင်ပြီး ဆီမီဖိုင်နယ်တက်လှမ်းနိုင်အောင်ကြိုးစားသွားမယ် လက်ရှိ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေတဲ့ မြန်မာအသင်းဟာ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်အဖြစ် မနက်ဖြန် ညနေ ၇ နာရီအချိန် မလေးရှားကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ တည်းဖြတ် - ကိုမိုး