လူကြားကောင်းအောင်ပြောတဲ့ မဟာမိတ်မျိုး မလုပ်ဘူးလို့ ပြည်သူ့ ပါတီ ဒုဥက္ကဋ္ဌပြော

လူကြားကောင်းအောင်ပြောတဲ့ မဟာမိတ်မျိုး မလုပ်ဘူးလို့ ပြည်သူ့ ပါတီ ဒုဥက္ကဋ္ဌပြော --------- အကုန်သိ သတင်းဌာန --------- တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးမှာ မဟာမိတ်ဆိုတာကို တစ်ဆင့်နိမ့်ထားတဲ့ ပုံစံမျိုးမလုပ်ဘဲ တန်းတူသဘောထားတဲ့ ဆက်ဆံရေးမျိုးသာ ဖော်ဆောင်မယ်လို့ ပြည်သူ့ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာက ပြောပါတယ်။ အထူးသဖြင့် လူကြားကောင်းအောင် ပြောသော မဟာမိတ်ဆက်ဆံရေးမျိုးမဟုတ်ဘဲ စစ်မှန်သော မဟာမိတ်ဆက်ဆံရေး ဖြစ်စေရမယ်လို့ ဆိုပါတယ်။ ရိုက်ကူး - အောင်သူရိန် ၊ တည်းဖြတ် - သားကို