နတ်တလင်းဘုရားပွဲ ပရိသတ်သောင်းကျန်းမှုကို ရဲနဲ့ တာဝန်ရှိသူတွေ ပြန်ရှင်းပြီ

နတ်တလင်းဘုရားပွဲ ပရိသတ်သောင်းကျန်းမှုကို ရဲနဲ့ တာဝန်ရှိသူတွေ ပြန်ရှင်းပြီ -------- အကုန်သိသတင်းဌာန -------- နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ အာဇာနည်၊ ဝေလ ၊ သားငယ်တို့ ပါဝင်တဲ့ နတ်တလင်းဘုရားပွဲ ဖျော်ဖြေရေးမှာ အဆိုတော်တွေက ငွေအပြည့်မရလို့ မလာဖြစ်တာကနေ ပရိသတ်တွေဘက်က သောင်းကျန်းမှုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အဆိုတော်သားငယ်က ပြန်ရှင်းထားခဲ့ဖူးသလို ဒေသရဲတပ်ဖွဲ့ အရာရှိ ၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း နိုဝင်ဘာ ၁၃ ရက်မှာတော့ နောက်ဆုံးအခြေအနေကို မီဒီယာတွေထံ အခုလို ရှင်းပြလိုက်ပါတယ်။ ရိုက်ကူး - မောင်ကောင်း(ပြည်) တည်းဖြတ်တင်ဆက် - ဆလိုင်းကျော်မိုး