ဒီနေ့ခေတ် မြင်တွေ့မလွယ်တဲ့ လှေလှော်ပြိုင်ပွဲကြီး သွားကြည့်ရအောင်

ဒီနေ့ခေတ် မြင်တွေ့မလွယ်တဲ့ လှေလှော်ပြိုင်ပွဲကြီး သွားကြည့်ရအောင် ------- အကုန်သိသတင်းဌာန ------- မြန်မာ့ရိုးရာဓလေ့တွေထဲမှ ပွဲတော်အများအပြားကို လအလိုက် ရိုးရာမပြက် စည်ကားသိုက်မြိုက်စွာ ကျင်းပနေမြဲ ဖြစ်ပေမယ့် တော်သလင်းလ လှေလှော်ပြိုင်ပွဲကိုတော့ ဒီနေ့အချိန်မှာ ရှားပါးစွာ မြင်တွေ့နေရပါပြီ။ “စည်းလုံးခြင်းသည် အင်အား“ဆိုသည့် စကားအတိုင်း စည်းလုံးမှုကို ဖော်ပြတဲ့ ဒီလှေလှော်ပြိုင်ပွဲကြီးကို တန်ဆောင်မုန်းလဆန်း ၁၃ ရက် အထက်မင်းလှမြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်လို့ ရိုးရာကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ သွားရောက်လေ့လာနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ ရိုက်ကူး - သက်နောင် (မင်းလှ) ၊ တည်းဖြတ် - သားကို