ရူးတယ်ဆိုပြီး အလုပ်ထုတ်ခံရသူက တကယ်မရူးကြောင်း သတင်းစာရှင်းလင်း

ရူးတယ်ဆိုပြီး အလုပ်ထုတ်ခံရသူက တကယ်မရူးကြောင်း သတင်းစာရှင်းလင်း -------- အကုန်သိ လူမှုဘ၀ -------- “ကျွန်မလုပ်သက် ၂၁ နှစ်အတွင်းမှာ ခွင့်ကို အလွဲသုံးစား မယူခဲ့ပါဘူး။ ပိုက်ဆံလည်း လုပ်ပိုင်ခွင့်အနေနဲ့ မယူဖူးပါဘူး။ အခုကြမှ ကျွန်မကို ဟိုတိုင် ဒီတိုင်လုပ်လို့ ရူးတယ်ဆိုပြီး လုပ်လိုက်ကြတယ်။ ကျွန်မမှာ သမီးသုံးယောက်ရှိပါတယ်။ ကျွန်မသမီးသုံးယောက်ရဲ့အနာဂါတ်မှာ နင်တို့အမေက ရူးလို့ အလုပ်က ထုတ်ပစ်လိုက်တယ်ဆိုတာ မရှိစေချင်ပါဘူး။ ကျွန်မဖြစ်စေချင်တာ အမှန်တရားကို ပြန်ဖော်ထုတ်ပေးပါ’’ ဆိုပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပြည်ခရိုင်တွင် အကြီးတန်းစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်အိမွန်သူက ပြောပါတယ်။ ရိုက်ကူး - မင်းသီဟန်၊ တည်းဖြတ် - သားကို