နှစ်(၆၀)ကြာ ပျောက်နေတဲ့ ကျောင်းတော်ရာဘုရားဌာပနာကိစ္စ အစပြန်ဖော်ပြီ

နှစ်(၆၀)ကြာ ပျောက်နေတဲ့ ကျောင်းတော်ရာဘုရားဌာပနာကိစ္စ အစပြန်ဖော်ပြီ --------- အကုန်သိ သတင်းဌာန -------- ပွင့်ဖြူ ကျောင်းတော်ရာဘုရားအတွင်းမှာ ရှေးဟောင်းဌာပနာများဖြစ်သော နှစ်ပိဿာခွဲခန့် ရှိ ရွှေစင်ရွှေသားအစစ် ဘုရားရုပ်တု၊ ဆင်စွယ်ပန်းပု ၊ ကြေးပုရပိုက်၊ ငွေပုရပိုက်၊ သီပေါမင်း၏ သမီးတော် လှူဒါန်းသော ပတ္တမြား စသည်တို့ မှာ လွန်ခဲ့သောနှစ်(၆၀)ခန့် ကတည်းက ပျောက်ဆုံးသွားခဲ့ရပေမယ့် အစိုးရအဆက်ဆက်က တာဝန်ယူ ရှာဖွေပေးမှု မရှိခဲ့တာကြောင့် လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ တာဝန်ရှိသူတွေက စတင်စုံစမ်းစစ်ဆေးရှာဖွေတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုက်ကူး - သက်မှူးအိမ်(မကွေး) ၊ တည်းဖြတ်တင်ဆက် - ပြည့်စုံ