နောက်ဘ၀အဆက်ဆက်မှာ ခုလိုမျိုးမဖြစ်ဖို့ ညီဖြစ်သူအတွက် ဆုတောင်းတဲ့ နေတိုး

-------- အကုန်သိဆယ်လီ -------- ညီဖြစ်သူ မင်းသား မင်းသွေး ရုတ်တရက်ကွယ်လွန်သွားချိန်မှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တရားရိပ်နဲ့ အတူ တည်ငြိမ်စွာ ဖြတ်သန်းနိုင်ခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းသားနေတိုးက ညီဖြစ်သူအတွက် ဆုတောင်းစကားကို ပြောလိုက်ပါတယ်။ နောင်ဖြစ်လေရာ ဘ၀အဆက်ဆက်မှာ အခုလိုမျိုး ရုတ်တရက် ကွယ်လွန်သွားရတာမျိုး မဖြစ်စေဘဲ လုပ်ချင်တဲ့အလုပ်တွေကို အဆုံးထိတိုင်ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်သွားနိုင်တဲ့ သူမျိုးဖြစ်စေဖို့ ဆုတောင်းပါတယ်လို့ ဆိုပါတယ်။ ညီ ဖြစ်သူအတွက် နေတိုးရဲ့ ဆုတောင်းစကားတွေကို နားဆင်ကြည့်နိုင်ပါပြီ။ ရိုက်ကူးမေးမြန်း - နွယ်ဏီ၊ အိဖြူသိမ့် ၊ တည်းဖြတ် - ထက်ပိုင်စိုး