ဒီမိုကရေစီ ဆိတ်သုဉ်းနေတာကြာပြီနှင့် ဦးဖေချစ်၏ စိတ်ဝင်စားဖွယ်စကားများ

ဒီမိုကရေစီ ဆိတ်သုဉ်းနေတာကြာပြီနှင့် ဦးဖေချစ်၏ စိတ်ဝင်စားဖွယ်စကားများ ---------- အကုန်သိ သတင်းဌာန --------- အချို့ ကိစ္စများတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်များပင် သိချင်မှ သိနိုင်မည့် ပါတီတွင်း ဒီမိုကရေစီပျောက်ဆုံးနေမှုများ ရှိသည်ဟု NLD ပါတီမှ ထုတ်ပယ်ခံလိုက်ရသူ(ကိုယ်တိုင်နုတ်ထွက်သည်ဟုလည်း ဆိုသူ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်က ပြောသည်။ “ လွှတ်တော်ကြီး တစ်ရက်ကျင်းပရင် ကျပ်သိန်း ၁၄၀ ကုန်ပါတယ်။ အဲဒါပြည်သူတွေရဲ့ ပိုက်ဆံပါ။ ဘယ် မိုးနတ်မင်းကြီးကမှ လာပေးတာ မဟုတ်ပါဘူး။ ကုန်တာနဲ့ တန်အောင်တော့ ကိုယ့်ပြည်သူအတွက် တောင်းဆိုရမယ်။ ဟိုဟာ မမေးနဲ့ ဒီဟာ မမေးနဲ့ ။ ဒီဟာမေးရင် ငါတို့ ခန့် ထားတဲ့ ၀န်ကြီးကို ၀န်ထုပ်ဝန်ပိုးဖြစ်မယ်။ သိက္ခာကျအောင် လုပ်သလိုဖြစ်သွားမယ်တဲ့။ မြို့ နယ်လည်း မြို့ နယ်မှာ မို့ လို့ ၊ ခရိုင်လည်း ခရိုင်မှာမို့ လို့ ၊ လွှတ်တော်လည်း လွှတ်တော်မှာ မို့ လို့  ဒီမိုကရေစီ ဆိတ်သုဉ်းနေတာ ကြာပါပြီ “ - ဦးဖေချစ် ရိုက်ကူး - အောင်သူရိန် ၊ တည်းဖြတ် - မိုးတိမ်