RunningMan (Mmsub)

Guests-Jackie Chan,Choi Si-won (Super Junior) (Treasure Hunter) ဒီအပိုင်းလေးကတော့ ကျွန်တော်တို့ရဲ့ childhood heroကြီးဖြစ်တဲ့ ကမ္ဘာကျော်မင်းသားကြီး ဂျက်ကီချန်း Running Man ကိုလာတဲ့အပိုင်းလေးလည်းဖြစ်ပါတယ်…ပြီးတော့ Super Junior က ချွဲဆီဝမ်လည်း ပါဝင်အားဖြည့်ပေးထားပါတယ်…ဒီအပိုင်းမှာတော့ Treasure Hunter လုပ်ရမှာပါ…တစ်သင်းကို၃ယောက်စီ ဖွဲ့ပြီး ဆော့ကစားကြရမှာဖြစ်ပြီးတော့…မစ်ရှင်တစ်ခုပြီးတိုင်းမှာ လက်ပစ်မျှားရမှာဖြစ်ပြီးတော့…နောက်ဆုံးမှာ Dartboard ရဲ့ အလယ်တည့်တည့်ကို ပစ်နိုင်တဲ့အသင်းက အနိုင်ရရှိမှာပဲဖြစ်ပါတယ်…မျှားအရေအတွက်သာတဲ့အသင်းက တစ်ပန်းသာတဲ့အတွက် မစ်ရှင်တွေကို အနိုင်ရရှိဖို့အရေးကြီးပါတယ်…နောက်ဆုံး အနိုင်ရရှိတဲ့အသင်းကတော့ ရွှေနဲ့ပတ်သတ်တဲ့ဆုလက်ဆောင်ကို ရရှိမှာပါပဲဖြစ်ပါတယ်…Guest တိုင်းလိုလို Running Man ရောက်ရင် Running Man ရဲ့ မစ်ရှင်တွေကြောင့် စလန်ပေးသွားရတယ်ဆိုတော့ ဂျက်ကီချန်းကော ဘယ်လိုဖြစ်မလဲ ကြည့်ရှုလိုက်ပါဦး… အပိုင်း(၁၃၅)