RunningMan (Mmsub)

Guests - No ဒီအပတ်မှာတော့ ဂယ်ရီ ဥရောပခရီးစဉ်ကနေအိမ်ပြန်လာမယ့် ဂယ်ရီကို ကြိုဖို့ရာ အပြေးလူသားအဖွဲ့ဝင်တွေဟာ လေဆိပ်မှာ ရောက်ရှိနေပါပြီ။ လေဆိပ်ကို ဆိုက်ရောက်တဲ့အခါမှာတော့ အားလုံးရဲ့ရှေ့မှာ ကြိုတင် မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ အားလုံးရဲ့ အရှေ့မှာတင်ဂယ်ရီရဲ့ ကျောပိုးအိတ်ကို လူတစ်စုက ရောက်ရှိလာပြီးလုယူခြင်း ခံလိုက်ရပါတယ်အကြောင်းရင်းက ဂယ်ရီရဲ့ ကျောပိုးအိတ်ထဲမှာ ဂယ်ရီက သူသွားခဲ့တဲ့ ဥရောပ ခရီးစဉ်တစ်လျှောက် အတွေ့အကြုံတွေ လေ့လာခဲ့တာတွေကို မှတ်တမ်းအဖြစ် ရေးမှတ်ထားတဲ့ စာတွေပါတဲ့ မှတ်တမ်းအဖိုးတန် ရတနာ ပါလာလို့ပါပဲ။ဒီနေ့ရဲ့ မစ်ရှင်ကတော့ အပြေးလူသားအဖွဲ့ဝင်တွေဟာ ဂယ်ရီလုပ်ဆောင်ခဲ့တာတွေကို ကတ်ပေါ်ကအကြောင်းအရာတွေထဲမှာ ကွက်လပ်ဖြည့်ပြီး မှန်ကန်အောင် ဖြေကြရမှာပါ။ အဖြေ မှန်ရင်တော့ ကျောပိုးအိတ်ရှိတဲ့နေရာကို သိရမှာပါ။ ဂယ်ရီတစ်ယောက် သူသွားခဲ့တဲ့ ဥရောပခရီးစဉ်အကြောင်း ဘာတွေ ရေးမှတ်ထားတာလဲအပြေးလူသားတွေကရော မေးခွန်းထဲက ကွက်လပ်တွေကို မှန်ကန်အောင် ဖြေနိုင်ကြမှာလား?ဂယ်ရီရဲ့ ကျောပိုးအိတ်ကိုရော ပြန်ရှာတွေ့မှာလား? အပိုင်း(၈၁)