ရခိုင်မှာ စစ်ကောင်စီတပ်က ရေတပ်နဲ့အပြိုင် လေတပ်ကို အဓိကအားထားနေရ

ရခိုင်မှာ စစ်ကောင်စီတပ်က ရေတပ်နဲ့အပြိုင် လေတပ်ကို အဓိကအားထားနေရ Border News Agency (ရုပ်သံ) မြောက်ဦး၊ဒီဇင်ဘာ ၁၂။ ရခိုင်မှာ စစ်ကောင်စီတပ်က ရေတပ်နဲ့အပြိုင် လေတပ်ကိုပါအဓိကအားထားပြီးစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေရတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့ လာသူတွေနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။ ရခိုင်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော်(AA)ကတိုက်ခိုက်သိမ်းယူနေပြီး အဲဒီနေ့ကစတင်ကာ စစ်ကောင်စီတပ်က ကြေး၊ရေ၊လေပူးပေါ င်းစစ်ရေးလှုပ်ရှားမှုတွေကို ပြု လုပ်နေတာလို့ ဆိုကြပါတယ်။ အဲဒီနေ့ကစတင်ပြီး ရခိုင်တပြည်လုံးရှိ ကုန်းလမ်းရေ လ မ်းတွေကို စစ်ကောင်စီကပိတ်ဆို့ကန့်သတ်ထားသလို စစ်ကောင်စီတပ်ကလည်း ကုန်းလမ်းတွေကိုအသုံးပြုစစ်ရေးလှုပ်ရှားတာတွေပြုလုပ်လို့မရတော့ဘူးလို့ ဆိုကြပါတ ယ်။ အဲဒါကြောင့် ရေတပ်ကသွားလာလို့မရတဲ့နေရာတွေကို လက်နက်၊စစ်သည်၊ရိ က္ခာသယ်ယူပို့ဆောင်တာတွေမှာ လေကြောင်းကသာပို့ဆောင်နေရသလို စစ် ကူပစ်ကူတွေအတွက်လည်း လေ​ကြောင်းကိုသာအဓိကအားထားနေတာတွေ့ရတယ်လို့ ဆိုကြပါတယ်။ ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)က မောင်တော-ဗန္ဓုလကားလမ်း၊ကြိမ်းချောင်း-တောင်ပြိုကားလမ်း၊အငူမော်-မောင်တောကားလမ်းအပါအဝင် စစ်တွေ-ရန်ကုန်ကားလမ်းမကြီးထိ ရခိုင်တပြည်လုံးက ကုန်းလမ်းအားလုံးနီးပါးကို ထိ န်းချုပ်ထားပြီးမို့ စစ်ကောင်စီတပ်ကအ သုံးပြုသွား လာလို့မရတော့ဘူးလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။ အဲဒါကြောင့် ရခိုင်တပြည်လုံးရှိ စစ်ကောင်စီတပ်တွေဆီသို့ ရေကြောင်း