မြန်မာဘက်က စစ်ဘေးရှောင်တွေ တရုတ်ဘက်က မီးခိုးဗုံးနဲ့ပစ်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့အနီး နိုဝင်ဘာ ၂၅ ရက်က တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် နယ်စပ်ခြံစည်းရိုးနားကပ်သွားတဲ့ မြန်မာပြည်ဘက်က စစ်ဘေးရှောင်တွေကို တရုတ် ရဲတပ်ဖွဲ့က မီးခိုးဗုံးအသုံးပြု ဖယ်ရှားခဲ့ပါတယ်။ တရုတ်-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၅ ဘက်နားမှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေပြီး အနီးဝန်းကျင်က ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်ပြီး တရုတ်-မြန်မာ နယ်စပ် မြန်မာဘက်ခြမ်း ခြံစည်းရိုးနားကို ရောက်ရှိလာကြတာဖြစ်ပါတယ်။