ဒီပဲယင်းမြို့ကနေ တော်လှန်ရေးတပ်တွေ ဘာကြောင့် ပြန်ဆုတ်ရသလဲ

ဒီပဲယင်းမြို့ကနေ တော်လှန်ရေးတပ်တွေ ဘာကြောင့် ပြန်ဆုတ်ရသလဲ ………….. စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ဩဂုတ်လ ၁၈ရက်၊ မနေ့မနက်ပိုင်းက တော်လှန်ရေးအင်အားစုတွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲပြီး စစ်ကူတွေ အလျင်အမြန်စေလွှတ်ခဲ့တာကြောင့် နာရီပိုင်းအတွင်း တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အကြီးအကျယ် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ နိုင်ငံအလယ်ပိုင်း အညာဒေသက နယ်မြေတွေ မဆုံးရှုံးဖို့ကို လေကြောင်းပစ်ကူနဲ့ စစ်ကူတွေ လျင်လျင်မြန်မြန်သုံးပြီး ကာကွယ်ခဲ့တာပါ။ မြို့ကိုသိမ်းပိုက်နိုင်ပေမယ့် ထိန်းမထားနိုင်တာ ဘာကြောင့်ပါလဲ။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောကြားချက်ကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။