တရုတ်နှင့် မျက်နှာသာရရေး စစ်ကောင်စီက မြစ်ဆုံစီမံကိန်းပြန်စဖို့လုပ်

တရုတ်နှင့် မျက်နှာသာရရေး စစ်ကောင်စီက မြစ်ဆုံစီမံကိန်းပြန်စဖို့လုပ် ------------------ ကချင်လွတ်လပ်ရေးတပ်မတော် KIA က အခုနှစ် မတ်လဆန်းမှာ အရှိန်မြင့်လိုက်တဲ့ ထိုးစစ်မှာ အထိနာနေတဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ မျက်နှာသာရဖို့အတွက် ကာလရှည်ကြာရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ လုပ်ဆောင်လာပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရေး၊ စီမံကိန်းအစုရှယ်ယာဝင်တွေနဲ့ ဆွေးနွေးဆုံးဖြတ်ရေးတွေ လုပ်ဆောင်ဖို့လို့ အကြောင်းပြပြီး စစ်ကောင်စီရဲ့ အရာရှိ ၁၁ဦးပါဝင်တဲ့ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်မှာ ဖွဲ့စည်းခဲ့တာပါ။ မြန်မာပြည်ရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို ဟန့်တားပိတ်ဆို့မယ့် မြစ်ဆုံစီမံကိန်း ကို အကောင်အထည်ဖော်ချင်တဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့မျက်နှာသာရဖို့ မြန်မာပြည်သူတစ်ရပ်လုံးကို ထပ်ပြီး စိန်ခေါ်လိုက်တာပဲလို့လည်း အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေကတော့ သဘောထားက ဘယ်လိုရှိပါသလဲ။ ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ သတင်း၊ တင်ဆက် - မောင်ရွှေဝါ၊ စထွန်းအောင်