ဖားဆောင်းမှာ စစ်ကောင်စီ ရဟတ်ယာဥ်ကို ကရင်နီတပ်ဖွဲ့ ပစ်ချ (မေ ၆)

ဖားဆောင်းမှာ စစ်ကောင်စီ ရဟတ်ယာဥ်ကို ကရင်နီတပ်ဖွဲ့ ပစ်ချ (မေ ၆) ---------------- ကရင်နီ ဖားဆောင်းမှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ် တစင်း ကရင်နီတပ်ဖွဲ့ ကနေ ဒီကနေ့ မေလ ၆ ရက်နက်ပိုင်းမှာ ပစ်ခတ်ခဲ့ရာ ထိမှန်ပြီး ထိုးကျသွားတယ်လို့ ကရင်နီ တပ်ဖွဲ့က ပြောပါတယ်။ ပြည်တွင်း NP News ကလည်း စစ်တပ် အရာရှိ တဦး ပြောကြားချက်ကို ကိုးကားပြီး ဖြစ်စဥ်မှန်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ “ဖြစ်စဉ်မှန်ပါတယ်။ ဒီဘက် ကနေ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း သွားပို့တဲ့ အချိန်မှာ သူတို့က ပစ်လိုက်တာပေါ့။ ဒီနေ့က မနက်ပိုင်းမှာ ဖြစ်သွားတာပါ။ တခြားတော့ တိတိကျကျ မသိရသေးဘူး” လို့ ပြောကြောင်း ဖေါ်ပြထားပါတယ်။ ရဟတ်ယာဉ် ပျက်ကျပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်းလည်း ဆက်ပြောတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ အနေနဲ့ ကတော့ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ ---------------- THN freelance journalist - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ ဖေ့စ်ဘွတ် မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ --------------------------- Twitter - တယ်လီဂရမ်လည်း ရှိပြီ တစ်တော့ လာပြီ @thnmedia?lang=en