NCA လက်မှတ်ထိုးထားတဲ့ PNLO နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

NCA လက်မှတ်ထိုးထားတဲ့ PNLO နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ် ~~~ ■ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ စစ်ကောင်စီတပ်တို့ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ် စံဖူးရွာအနီးမှာ ဇန်နဝါရီ ၂၁ ရက်နေ့က တိုက်ပွဲ ဖြစ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စကြောင့် PNLO တောင်ကြီးမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ အပါအဝင် အရာရှိ သုံးဦး ခေတ္တဖမ်းဆီးခံရပြီး ဒီနေ့မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ PNLO ဘက်က ပြောပါ တယ်။ သတင်းအပြည့်အစုံကို RFA သတင်းထောက် မယဥ်မျိုးသူ က တင်ပြပေးထားပါတယ်။ ____________ Subscribe ▶ မိုဘိုင်းအက်ပ် ▶ ဝဘ်ဆိုက် ▶ ဖေ့စ်ဘွတ်ခ် ▶ တွစ်တာ ▶ အင်စတာဂရမ် ▶ တယ်လီဂရမ် ▶ (လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)