အကူအညီရဖို့ စောင့်ဆိုင်းနေရတဲ့ ဂါဇာထဲမှာ အခြေအနေဆိုးရွားနေ - ဘီဘီစီ မြန်မာတီဗီ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် ဘီဘီစီမြန်မာတီဗီ အစီအစဉ် - ဂါဇာထဲကို အကူအညီတွေပေးပို့နိုင်ရေးအတွက် ကားတွေဟာ ရာဖာနယ်စပ်ဂိတ်မှာ စောင့်ဆိုင်းနေရဆဲပါ။ အစ္စရေးက မြေပြင်ထိုးစစ်အတွက် ဆက်လက်ပြင်ဆင်နေပြီး၊ လက်ဘနွန်နယ်စပ်မှာလည်း တင်းမာမှုတွေ မြင့်တက်နေ။ - ဟားမတ်စ် အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ကီဘွတ်ဇ် ဒေသမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေနဲ့ မီးရှို့ဖျက်ဆီးထားတဲ့ သက်သေခံ အထောက်အထားတွေ ထွက်ပေါ်လာ။ - စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေထံကို လမ်းအသုံးပြုခလို အခွန်အခတွေပေးနေရတာကြောင့် ဝန်ထုပ်ဝန်ပိုး အဖြစ်ခံစားနေရတယ်လို့တယ်လို့ ဒေသခံ ကုန်သည် လုပ်ငန်းရှင်တွေက ဘီဘီစီကို ပြောလာတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း