ဘေဂျင်းကို ရောက်လာတဲ့ ပူတင်ကို ရှီကျင့်ဖျင် တခမ်းတနား ကြိုဆို

ဘေဂျင်းကို ရောက်ရှိလာတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ ရှီက ပူတင်ကို သူ့ရဲ့ အခင်မင်ဆုံး မိတ်ဆွေ တဦးလို့ ရည်ညွှန်းခဲ့ဖူးသလို ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ စစ်ပွဲအတွက်လည်း ပူတင်ကို အပြစ်တင်ဖို့ ငြင်းဆိုထားခဲ့ပါတယ်။ ပူတင်ဟာ တရုတ်က ဦးဆောင် အကောင်အထည် ဖော်ခဲ့တဲ့ ရပ်ဝန်းတခု၊ လမ်းကြောင်းတခု အခြေခံ အဆောက်အအုံ စီမံကိန်းကြီး (BRI)အတွက် အထူးညီလာခံ တက်ရောက်ဖို့ တရုတ်နိုင်ငံကို အောက်တိုဘာ ၁၇ ရက်မှာ ရောက်ရှိခဲ့တာပါ။