မြောက်ဦးမှာ စစ်ကောင်စီတပ်ကပစ်ခတ်လို့ ရှေးဟောင်းဘုရားပုထိုးတွေပျက်စီး

မြောက်ဦးမှာ စစ်ကောင်စီတပ်ကပစ်ခတ်လို့ ရှေးဟောင်းဘုရားပုထိုးတွေပျက်စီး Border News Agency (သတင်း) မြောက်ဦး၊ဒီဇင်ဘာ ၁၄။ မြောက်ဦးမှာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၃ ရက်၊မနေ့က ရည်ရွယ်ချက်ရှိရှိပစ်ခတ်လို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ဘုရားပုထိုးတွေပျက်စီးသွားခဲ့ပါတယ်။ အဲဒီမြောက်ဦးမြို့၊ရှေးဟောင်းသမိုင်းဝင်နယ်‌မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ဘုရားသိမ်တော်ကြီးနဲ့ဘုန်းကြီး ကျောင်းတွေဟာ ဒီဇင်ဘာလ ၁၃ ရက်၊မနေ့က ညနေ ၄နာရီ ၂၈ မိနစ်အ ချိန်မှာစစ်ကောင်စီရဲ့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်က ပစ်မှတ်ထားတိုက်ခိုက်လို့ ထိမှန်ပျက်စီးမှုတချို့ရှိခဲ့ပါတယ်။ အဲဒီအပြင် မြောက်ဦးမြို့၊မင်္ဂလမာရ်အောင်အထက်ဘက်တောင်ကြောတလျှောက်၊သက္ကျမာရ်အောင်ဘုရားအနီး ပတ်ဝန်းကျင်၊မင်းပြားမြို့နယ်၊ပန်းမြောင်း‌ကျေးရွာအနီးရှိ ရက္ခိုင့်တပ်တော်ရှိရာ တောင်တန်းတလျှောက် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ရက္ခိုင့်တပ်တော်(AA)ကထုတ်ပြန်ပါတယ်။ နောက်ပြီးမြောက်ဦးအခြေစိုက်စစ်ကောင်စီတပ်ရင်းတွေကလည်း လက်နက်ကြီးတွေပစ်ခတ်ခဲ့တာမို ရှေးဟော င်းဘုရားပုထိုးတွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ မြောက်ဦးမြိုခံတွေက ဆိုကြပါတယ်။ စစ်ကောင်စီတပ်ဟာ ရခိုင်တပြည်လုံးရှိလူနေကျေးရွာတွေ၊မြိုပေါ်တွေကို ရည်ရွယ်ချက်ရှိရှိစစ်ရဟတ်ယာဉ်တွေနဲ့ဗုံး ကြဲပစ်ခတ်တာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး ရက္ခိုင့်တပ်တော်(AA)က စစ်ကော င်စီ တပ်စခန်းတွေ၊တပ်ရင်းတွေ၊ဗျူ ဟာတွေကို တိုƙ