တိုက်ပွဲကာလအတွင်း ပေါက်တော ဒေသခံတွေဆီက ငွေကြေးတွေကို စစ်ကောင်စီတပ်သားတွေ အတင်းအဓမ္မယူဆောင်သွားခဲ့

မိုးသောက်(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ သုံးပြီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက  ဒေသခံတွေရဲ့ ငွေကြေးတွေကို အဓမ္မယူဆောင်သွားခဲ့တယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။ တမြို့လုံးစာကို ခြုံပြီး ပြောဖို့ခက်ခဲနေဆဲဖြစ်ပေမယ့်  သူ့ပိုင်ဆိုင်မှုတွေအပါအဝင် သိန်းထောင်နဲ့ချီကို စစ်ကောင်စီတပ်တွေကို ယူဆောင်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးရှောင်တဦးက ပြောပြပါတယ်။ သူကတော့ လောကထိပ်ပန်ဘုရားထဲမှာ ပိတ်မိခဲ့သူတွေထဲက တဦးဖြစ်ပြီးတော့ နိုဝင်ဘာလ ၂၁ရက်နေ့မှာ ရက္ခိုင့်တပ်တော်ရဲ့လာရောက်ကယ်ထုတ်ပေးမှုကြောင့် ပြင်ပကိုရောက်ရှိခဲ့သူ တဦးလည်းဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတိုက်ပွဲတွေဖြစ်ပွားနေတဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီးတော့ ဒေသခံတွေက ဘုရားဝင်းအတွင်းမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာလူဦးရေ ၁၂၀ လောက်ပိတ်မိနေခဲ့တာဖြစ်ပြီး စစ်ကောင်စီက အစားအသောက် ကျွေးမွေးတာ ဆေးကုပေးတာတွေရှိပေမယ့် ပြင်ပက လူတွေနဲ့ အဆက်အသွယ်တွေဖြတ်တောက်ထားခဲ့တယ်လို့ သူကပြောပါတယ်။ သတင်း၊ ရုပ်သံ တည်းဖြတ်-မိုးသောက် #ရခိုင်ပြည်နယ် #တိုက်ပွဲ #ပေါက်တော ----------------------------------------- မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. Subscribe our channel: Follow us: Facebook | Myanmar Language Facebook | English language Facebook | Mizzima+TV Twitter Telegram Sportify Get Mizzima TV App Free Website : ..................... About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in additi