သုံးဆယ်ပေးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နှင့် ပျူစောထီး ၂ ဦး သေဆုံးဟုဆို

008 (မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ နှင့် ပျူစောထီးနှစ်ဦးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ မန္တလေးမြို့နှင့် ငါးမိုင်ခန့်ဝေးသည့် မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ “စကစနဲ့ပျူ အထိုင်ချတပ်စွဲထားတဲ့စခန်းကို ကျွန်တော်တို့အဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်။ စခ(စစ်ကောင်စီ တပ်သား) ၃၀ ခန့်နဲ့ ပျူနှစ်ကောင်သေဆုံးပြီး ကျွန်တော်တို့ဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ စခန်းသိမ်းနိုင်မည့်အခြေအနေတွင် ကျည်မလုံလောက်ခြင်းနှင့် မန္တလေးမြို့ဘက်မှ စစ်ကားလေးစီးဖြင့် စစ်ကူများရောက်ရှိလာခြင်းကြောင်ြ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ ယခုတိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ GZP ၊ BRA ၊ Thunderbird(LDF) ၊ ကောင်းကင်တော် လှန်ရေးအင်အားစုနှင့် Shar Htoo Waw &#