“ခဲယမ်းမီးကျောက် အကူအညီတွေ ကျွန်တော်တို့ဘက်မှာ အင်မတန် ခက်ခဲတယ်“ - ပဒိုစောတောနီး၊ KNU

“ခဲယမ်းမီးကျောက် အကူအညီတွေ ကျွန်တော်တို့ဘက်မှာ အင်မတန် ခက်ခဲတယ်“ - ပဒိုစောတောနီး၊ KNU ....... ၂ပတ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းပေါင်း ရာနဲ့ချီ သိမ်းပိုက်နိုင်ခဲ့ပြီး အနည်းဆုံး မြို့ကြီး ၄မြို့ကို ထိန်းချုပ်နိုင်တဲ့အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးက အရှိန်အဟုန်နဲ့ ဆက်လက်ပြီး အောင်မြင်နေပါတယ်။ အခုဆိုရင် ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ခံနေရပြီး မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေကို ဆက်တိုက် ဆင်နွှဲနေကြပါပြီ။ ဒီလိုအခြေအနေတွေမှာ နိုင်ငံတောင်ပိုင်းက ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကရင့်အမျိုးသား အစည်းအရုံး KNU ကလည်း ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရန်ကုန် အင်းစိန်အထိ သိမ်းပိုက်ခဲ့ဖူးတဲ့ ဝါရင့်ကရင့်လက်နက်ကိုင်အဖွဲ့အနေနဲ့ ၁၀၂၇လိုမျိုး စစ်ဆင်ရေးတွေ ဦးဆောင်ဆင်နွှဲသွားဖို့ ရှိလာနိုင်မလား။ လက်နက်၊ ခဲယမ်း လိုအပ်ချက်ကကော KNU အတွက် ဘယ်လောက် စိန်ခေါ်မှု ရှိနေပါသလဲ။ စစ်အာဏာရှင်ကို ဘယ်နည်း၊ ဘယ်ပုံ ဆက်လက် တိုက်ခိုက်သွားမှာပါလဲ....။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း၊ တင်ဆက် - လင်းထင် လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင်  နှိပ်၍ လှူဒါန်းနိုင်ပါသည်။