တိုင်ဖွန်းမုန်တိုင်း ခွိုင်နူ ကြောင့် ထိုင်ဝမ် မှာ စံချိန်တင် လေပြင်းတွေ တိုက်ခတ်

အောက်တိုဘာ ၊ ၅ အင်အား ပြင်းထန်လှတဲ့ တိုင်ဖွန်းမုန်တိုင်းကြီး ခွိုင်နူဟာ ထိုင်ဝမ်ကျွန်း တောင်ပိုင်းကို ဦးတည်နေပြီး စံချိန်တင် လေပြင်းတိုက်ခတ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ Category 4 အဆင့်ထိ အားပြင်းလာတဲ့ ခွိုင်နူဟာ ထိုင်ဝမ်ကျွန်း တောင်ပိုင်းက အော်ကစ် ကျွန်းငယ်လေး တဝိုက်မှာ တနာရီ ကီလိုမီတာ ၃၄၀ လောက်ထိ ပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။ မီးတောင်ကျွန်းငယ်လေး အော်ကစ်မှာ လယ်သမားတွေနဲ့ တံငါသည်တွေ အဓိက အခြေချ နေထိုင်ကြပါတယ်။ ခွိုင်နူ တိုင်ဖွန်းမုန်တိုင်းဟာ အောက်တိုဘာ ၅ ရက်မှာ ထိုင်ဝမ် ကမ်းရိုးတန်းကို ဖြတ်ကျော်မှာဖြစ်ပြီး အစိုးရက သဘာဝဘေး ကာကွယ်ရေး အစီအမံတွေကို ကြိုတင် လုပ်ဆောင်ထားပါတယ်။ ထိုင်ပေမြို့တော်နဲ့ ကျွန်းအနှံ့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်း​ပြီး လေပြင်းတွေ တိုက်ခတ်နေတာကို တွေ့နိုင်သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ #တိုင်ဖွန်းမုန်တိုင်း #ခွိုင်နူ #ထိုင်ဝမ်