ရခိုင်ပြည်တပ်မတော် (Arakan Army) လေ့ကျင့်ရေးပုံရိပ်တချို့

ရခိုင်ပြည်တပ်မတော် (Arakan Army) လေ့ကျင့်ရေးပုံရိပ်တချို့ ရည်ရွယ်ချက် ■■■■■■■■ (၁) လူမျိုးစုံ ရခိုင်ပြည်သူလူထု တရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး (၂) အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး (၃) အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွါးကို မြှင့်တင်ရေး (၄) ဗမာပြည်ရှိ လူမျိုးစုတိုင်း နိုင်ငံသူ/သားတိုင်း အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး (၅) လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး သစ္စာအဓိဋ္ဌာန် (၄) ချက် ■■■■■■■■■■■■■■ (၁) ငါတို့သည် ရခိုင်ပြည်နှင့် ရခိုင်ပြည်သားတို့၏ အသက် ၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။ (၂) ငါတို့သည် ကျဆုံးလေပြီးသော ခေါင်းဆောင်များနှင့် တပ်မတော်သားတို့ကို သစ္စာစောင့်သိပါမည်။ (၃) ငါတို့သည် အထက်အကြီးအကဲက ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါမည်။ (၄) ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့တပ်မတော်အတွက် ငါ့အသွေး အသက် ခန္ဓာကို စွန့်လွှတ်ဖို့ သစ္စာအဓိဋ္ဌာန် ပြုပါသည်။