Russian MoD releases footage of strikes on militant targets in Idlib

( စက်တင်ဘာ - ၀၇၊ ၂၀၁၈ ) ဆီးရီးယား အိုင်ဒဲလ်ဗ်ဒေသရှိ အကြမ်းဖက်သမားတို့အား စစ်ဖက်လေယာဉ်များက တိကျနှုန်းမြင့် လက်နက်များဖြင့် တိုက်ခိုက်စဉ်မှတ်တမ်း ရုရှားဖက်ဒရေးရှင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်။ ================================= ((( Russia Today., 6 Sep, 2018. “VIDEO of strikes on terrorist targets in Idlib released by Russian MoD” ကို Htay Oung ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။ ))) ဆီးရီးယား အိုင်ဒဲလ်ဗ်ဒေရှိ ဂျဘတ်အယ်နူးဆာ ( တဟားရ်အယ်လ်ရှမ် ) အကြမ်းဖက်သမားတို့အား စစ်ဖက်လေယာဉ်များက တိုက်ခိုက်စဉ်မှတ်တမ်းကို ရုရှားဖက်ဒရေးရှင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း Russia Today က ယမန်နေ့ ဖော်ပြသည်။ လွန်ခဲ့သည့် အင်္ဂါနေ့ ရုရှားကာကွယ်ရေးဌာနက ပြောကြားရာတွင် အဆိုပါဒေသ၌ Su-34 နှင့် Su-35 အမျိုးအစား ဂျက်တိုက်လေယာဉ်များက တိကျနှုန်းမြင့် လက်နက်များအသုံးပြု၍ အကြမ်းဖက်သမားတို့၏ ပစ်မှတ်ပေါင်းများစွာကို ဖျက်ဆီးခဲ့ကြောင်းဖော်ပြသည်။ အဆိုပါစခန်းများမှာ အကြမ်းဖက်သမားတို့ ဒရုန်းလေယာဉ်တည်ဆောက်ရေးအဆောက်အအုံ၊ လက်နက်ခဲယမ်းနှင့် ပုခုံးထမ်းမြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် သိုလှောင်ထားရာ ဂိုဒေါင်များဖြစ်သည်ဟု ဖော်ပြသည်။ အရပ်ဖက်ပစ်မှတ်များအာ