အားလုံး သာလီစွပါ။ ကျမတို့ ရခိုင်အစီအစဉ်ကနေကြိုဆိုပါတယ်။

အားလုံး သာလီစွပါ။ ကျမတို့ ရခိုင်အစီအစဉ်ကနေကြိုဆိုပါတယ်။ ဒီအစီအစဉ်ကို နိရဉ္စရာသတင်းဌာကနေ တင်ဆက်ပေးနေတာပါ။ စစ်ကောင်စီက ငါးဖမ်းခွင့် တားဆီးပိတ်ပင်မှုကြောင့် ကျောက်ဖြူက ရေလုပ်သားအများအပြား စားဝတ်နေရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေကြပါတယ်။ သံတွဲမြို့မှာ ၁၈ နှစ်အထက်ရှိသူတွေကို ထောက်လှမ်းရေးသင်တန်းပေးဖို့ စစ်ကောင်စီက စည်းရုံးလှုပ်ဆော်မှုတွေ လုပ်ဆောင်လာနေတဲ့ သတင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ဖို့ တိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးရမယ်လို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ထိပ်သီး ဆွေးနွေးညှိနှိုင်းရေးကော်မတီက ထုတ်ပြန်လိုက်တဲ့ သတင် း အပစ်ရပ်ကာလအတွင်း ကျောက်တော်မြို့မှာရှိတဲ့ စကခ (၉) တပ်မမှာ ခရီးသွားပြည်သူတွေ သွားလာခွင့်ကို စစ်သားနဲ့ ရဲတပ်ဖွဲဝင်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးလာနေတဲ့ သတင်း ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာနဲ့ပတ်သက်ပြီး မာန်အောင်မြို့နယ်မှာ အခမဲ့သင်တန်းကို ပြန်လည်ဖွင့်လှစ်နေတဲ့ သတင်းနဲ့ ရခိုင်က စစ်ရှောင်စခန်းတွေမှာ နေအိမ်အဆောက်အဦပျက်စီးကာ ရာသီဥတုဒဏ်ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ကျန်းမာရေးထိခိုက်နေလာပြီး အမျိုးသမီးငယ်တွေအတွက် လုံခြုံမှုအားနည်းနေတယ်ဆိုတဲ့သတင်းအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ ရခိုင်သတင်းတွေကို ကျမ အေးမြတ်ခိုင်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာ သတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက် ဖော်ပြပါ ပလက်ဖောင်းများတွင် ဝ&