စိတ်ဖိစီးမှုဆိုတာ ပန်းတိုင်ကိုအထောက်အကူပြုဖို့ လိုသလား

စိတ်ဖိစီးမှုဆိုတာ ပန်းတိုင်ကိုအထောက်အကူပြုဖို့ လိုသလား ----------- Health Talk ----------- စိတ်ဖိစီးမှုကို ကျန်းမာရေးရှုထောင့်အနေနဲ့ မဟုတ်ဘဲ တချို့လုပ်ဆောင်ချက်တွေမှာ စိတ်ဖိစီးမှုက အားသာချက်အနေနဲ့ သွားတွေ့ရပြန်ပါတယ်။ အကြောင်းအရင်းက ကလေးငယ်တွေ စာမေးပွဲဖြေဆိုတာအတွက်ပဲဖြစ်ဖြစ် အရေးကြီးတဲ့လုပ်ငန်းကိစ္စတွေအတွက်ပဲဖြစ်ဖြစ် လိုချင်တဲ့ပန်းတိုင်အောင်မြင်ဖို့ စိတ်ဖိစီးမှုရှိမှ အောင်မြင်မှာပါ။ ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ဆိုးကျိုးရလဒ်တွေလည်း အများကြီးရှိနေသေးပါတယ်။ ဒါကို မလွှဲမရှောင်သာဘဲ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ကျော်စွာဦးက ဆက်လက်ပြီး ပြောပြရှင်းလင်းပေးထားပါတယ်။ တည်းဖြတ် - ကိုမိုး