ပုဂံခေတ်က နှစ်ပေါင်း ၇၉၀ သက်တမ်းရှိ ရှေးဟောင်းဘုရားစေတီ ၃၃ ဆူတွေ့ရှိ

အဓိဋ္ဌာန်ဝင်ပြီး ဘုရားကုန်းက ချုံနွယ်ပိတ်ပေါင်းတွေရှင်းလင်းရာ ပုဂံခေတ်က နှစ်ပေါင်း ၇၉၀ သက်တမ်းရှိ ရှေးဟောင်းဘုရားစေတီ ၃၃ ဆူတွေ့ရှိ --------- အကုန်သိသတင်းဌာန --------- ညောင်ဦးမြို့နယ်၊ မြောင်ရွာက ချုံနွယ်ပိတ်ပေါင်းတွေ ဖုံးအုပ်နေတဲ့ ရွှေဘုံသာဘုရားဝန်းကို ပြန်လည်ရှင်းလင်းရေးအတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နေ ဦးချစ်ဦးနဲ့ ဒေါ်ယဉ်မြင့်တို့ဇနီးမောင်နှံက အဓိဋ္ဌာန်ဝင်ပြီး၊ ပဋ္ဌာန်း အကြိမ်တစ်သောင်းခန့် ရွတ်ဖတ်ကာ တူးဖော်ခဲ့ကြရာ ပုဂံခေတ်ဦးကတည်ထားကိုးကွယ်ခဲ့တဲ့ စေတီ ၃၃ ဆူကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်လည်း ရှာဖွေတွေ့ရှိနိုင်ကြောင်း စေတီရှင်းလင်းမှုဆောင်ရွက်တဲ့ ဦးချစ်ဦးက ပြောပါတယ်။ တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သားကို