“ဖေဖေ့လို အဆိုတော်ကြီး မလုပ်ချင်ဘူး“ ပြောလို့ အံ့သြသွားတဲ့ ဇော်ပိုင်

“ဖေဖေ့လို အဆိုတော်ကြီး မလုပ်ချင်ဘူး“ ပြောလို့ အံ့သြသွားတဲ့ ဇော်ပိုင် ------- အကုန်သိ အနုပညာ -------- သားလေး ရွှေပိုင် လိမ္မာယဉ်ကျေးအောင် ငယ်ငယ်လေးကတည်းက သင်ပေးခဲ့ရတယ်လို့ မိခင်ဖြစ်သူ ဒေါ်မီမီနေမင်းဝင်းက ဆိုပါတယ်။ ရွှေပိုင်ဟာ လူတွေကို ကူညီချင်တာကြောင့် စစ်သားဖြစ်ချင်တယ်လို့ ပြောလိုက်ပြီး “ဖေဖေ့လို အဆိုတော်ကြီး မလုပ်ချင်ဘူး“ ပြောလို့ ဖခင်ဖြစ်သူ ဇော်ပိုင်ဟာ အံ့သြသွားခဲ့ပါတယ်။ သားလေး ရွှေပိုင်ရဲ့ ၇ နှစ်ပြည့် မွေးနေ့ပွဲမှာ ဇော်ပိုင်တို့ မိသားစုရဲ့ ကြည်နူးဖွယ်စကားသံလေးတွေကို နားဆင်ကြည့်နိုင်ပါပြီ။ မေးမြန်း - မျိုးကေခိုင်၊ ရိုက်ကူး/တည်းဖြတ် - ထက်ပိုင်စိုး