ပဲခူးဆေးရုံကြီးမှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေး မလုံလောက်တဲ့ပြဿနာ ဖြစ်နေ

ပဲခူးဆေးရုံကြီးမှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေး မလုံလောက်တဲ့ပြဿနာ ဖြစ်နေ ------- အကုန်သိသတင်းဌာန ------- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခွေးရူးပြန်ကာကွယ်ဆေးတွေကို ခွဲတမ်းချထားပေးပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက လူနာ ၂၅၀၀ ကျော် ထိုးပေးရလို့ မလုံလောက်ဘဲ ဖြစ်နေပါတယ်။ အရေးပေါ် ဆေးတစ်လုံး လိုအပ်ရင် ပြင်ပပေါက်ဈေး ၁၉၅၀၀ ကျပ်ဖြင့် ၀ယ်ထိုးပေးနေရတာကြောင့် တစ်လကို ကျပ်သိန်း ၁၀၀ ကျော် အသုံးပြု ဖြေရှင်းနေရတယ်လို့ ပဲခူးဆေးရုံကြီးတာဝန်ရှိသူတွေက ပြောပါတယ်။ သတင်း - မြူခိုး (ပဲခူး)၊ တည်းဖြတ် - သားကို