မြေသိမ်းတဲ့ အစိုးရမဟုတ်ရင် မြေတွေ ပြန်ပေးပါလို့ တောင်သူတွေ တောင်းဆို

မြေသိမ်းတဲ့ အစိုးရမဟုတ်ရင် မြေတွေ ပြန်ပေးဖို့ တောင်သူတွေ တောင်းဆို ------ အကုန်သိသတင်းဌာန ------ မြန်မာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုင် သမ္မတကြီး ဦးဝင်းမြင့်ကိုယ်တိုင်က ဒီအစိုးရဟာ မြေသိမ်းတာ မဟုတ်ဘူး။ မြေပြန်ပေးတဲ့ အစိုးရပါလို့ မိန့်ကြားဖူးခဲ့ကြောင်း ပြည်သူတစ်ဦးက ပြောလိုက်ပြီး အမှန်တကယ်မြေမသိမ်းဘူးဆိုရင် ပြည်သူတွေထံ မြေတွေပြန်ပေးဖို့ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။ ဆက်လက်ပြီး ဒေသခံတွေက သမ္မတကြီးပြောထားတဲ့ စကားတစ်ခွန်းနဲ့ ပြန်လည်ချေပတောင်းဆိုလိုက်ပါသေးတယ်။ တင်ဆက် - မောင်ကောင်း(ပြည်)၊ တည်းဖြတ် - သားကို