မင်းလှနယ်ထဲမှာ ကျောက်ခေတ်လူသားတွေ နေခဲ့တဲ့ အထောက်အထားတွေ တွေ့ ရှိ

မင်းလှနယ်ထဲမှာ ကျောက်ခေတ်လူသားတွေ နေခဲ့တဲ့ အထောက်အထားတွေ တွေ့ ရှိ --------- အကုန်သိ သတင်းဌာန ---------- မကွေးတိုင်းဒေသကြီး မင်းလှမြို့ နယ်ထဲမှာ ရှိတဲ့ တောတန်းတွေထဲမှာ ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့ပုံရတဲ့ ကျောက်ခေတ်လက်နက်တွေကို မြေအောက်ကနေ တူးဖော်တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျောက်ခေတ် လက်နက်တွေဟာ အမှောင်ခေတ်ကလား ၊ ကျောက်ချောခေတ်ကလားဆိုတာကို တတ်သိနားလည်သူတွေက လေ့လာနေကြပါတယ်။ မင်းလှနယ်ဟာ ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တယ်ဆိုတာနဲ့ သမိုင်းမှတ်တမ်းဆိုင်ရာအချက်အလက်တွေရှိနေတယ်ဆိုတာကို သက်သေပြနိုင်တဲ့ နောက်ထပ်အထောက်အထားတွေ ဆက်လက်ရှာဖွေနေကြပါတယ်။ ရိုက်ကူး - သက်နောင်(မင်းလှ) ၊ တင်ဆက် - အိဖြူသိမ့် ၊ တည်းဖြတ် - ရဲထက်